Pages

Tuesday, 18 December 2012

မိုးကုက်ဆရာတော်ဘုရာကြီး၏ ဆုံးမသြ၀ါဒများ

                                         မိုးကုက်ဆရာတော်ဘုရာကြီး၏ တရားဟောတဲ့ဟန်
မိုးကုက်ဆရာတော်ဘုရာကြီး၏ တရားဟောတဲ့ဟန် ရင်ကိုထိမှန်လာစေလို့ ဘ၀တစ်သက်တာ ဆုံးမသြ၀ါဒများ မိုးကုက်တရား ပတ္တမြားအမြူတေ အားလုံးသိစေခြင်လို တင်ပြမိတယ်ဆိုပါစို့ ။
သစ္စာလေးပါး တရားအဆီအနှစ်များ(သံဝေဂအစု)

၁။ ငါသည် မုချ သေရမည် ၊ အချိုန်ပိုင်းသာလိုတော.သည် ။
၂။ အဇ္ဇေ၀ သုေ၀၀ ၊ယနေ.လား နက်ဖြန်လား သေနိုင်ပါ၏ ။
၃။ ရခဲလှတဲ့လူ့ဘ၀ကိုအလွဲသုံးစားနဲ့အချိန်မဖြုန်းပါနဲ့ ။
၎။ မမျှော်လင့်ပဲ ဗြုန်းခနဲ နာလည်းနာနိုင်သည်။
၅။ မမျှော်လင်.ပဲ.ဗြုန်းခနဲသေလဲသေနိုင်သည်။

၆။ ခနာကိုကမွေးကတည်းက အသေဖက်တရစပ်ပြေးနေတယ်။
၇။ မနေ့ကထက် ယနေ့သေဖို့တစ်ရက်ပိုနီးသွားတယ်။
၈။ သက်တမ်းတိုထဲ ဘ၀ကလေးမှာ တရားအားမထုပ်ဘဲနဲ့ချောင်ခိုနေလျှင် လူဖြစ်ရှုံးပြီမှတ် ။
၉။ အသေစောက ကိုယ်ကျိုးအနည်းကြီးနည်းပြီမှတ်။
၁၀။ အပြေးမရပ်တဲ့ခန္တာကိုယ် သုဿန်မရောက်ခင် မဂ္ဂင်အလုပ် မြန်မြန်လုပ် ။
၁၁ ။ လူပြောသူပြောမယုံပါနဲ့ခန္တာပြောတာသာ အယုံကြီးယုံလိုက်ပါ ။
၁၂ ။ လူပြောယုံတော့ သူများပါးစပ်လမ်းဆုံး ခန္တာပြောတာယုံတော့ နိဗ္ဗာန်လမ်းဆုံး ။
၁၃ ။ ရှေ့နောက်ခွဲတတ်ပါစေ သာရေးသမီးရေးနောက်ထားကိုယ်.ကိုယ်ကိုကယ်တင်မယ်.အရေးရှေ.ထား ။
၁၄ ။ ကိုယ့်ကိုယ်သနားရင်ဝိပဿနာလုပ်ကြ ။ ကိုယ့်ကိုကိုယ်မသနားရင် သားရေးသမီးရေးစီးပွားရေးလုပ်ကြ ။
၁၅ ။ ဘုန်းကြီးပြောတာရက်လိုက်လေမလုပ်ပါနဲ့ခင်ဗျားတို့အဖြစ်ကဆိုးလွန်းလို့ဖော်ပြနေတာ။
၁၆ ။ ခင်ဗျားတို.မှာ ကိလေသာရေနစ်နေတာ လည်ပင်းရောက်နေပြီသေခါနီးတွေက သေခါဝေးတွေ အတွက်ပူမနေနဲ့။
၁၇ ။ ယခုသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ပစ္စည်းတွေနဲ့ဒီလိုမသိပြုံးနေသလောက် မသိပျော်ပျော်နေသလောက် သေခါနီး အိမ်ရာညောင်စောင်းထက်မှာ မျက်ရည်ကျရပါလိမ့်မယ်။

အရှင်အဂ္ဂဓမ္မ(နိက္ခမ)
ဗုဒ္ဓဂုဏ်ရည်သာသနာစောင့်ရှောက်ရေးအဖွဲ့
ကရင်ရေသိုးကျေးရွာ၊ ဆတ်သွားတော ၊ မှော်ဘီမြို့ ။
ဖုန်း - ၀၉ ၇၃၇ ၉၀ ၆၉၈ ။
 - ၀၉ ၅၀၇ ၄၆ ၄၅ —

0 comments:

Post a Comment

No comments:

Post a Comment